ဂျီမေး အကောင့် disabled ဖြစ်သွားသူတွေ အတွက်ပါ  
Posted by တေဇာအောင်
အခုတလော ဂျီမေး အကောင့် disabled ဖြစ်သွားသူတွေ ခဏခဏ ကြုံနေရပါတယ်။
ပြဿနာ ကြုံသူအများစုဟာ ဆော်ဒီ ပရောက်ဆီ နှင့် ကျော်ခွ ထွက်လေ့ရှိသူများ
ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဂျီမေးအကောင့် disabled ဖြစ်သွားပါက ဂူးဂဲလ်မှ
မိမိ၏ မိုဘိုင်းဖုန်းနံပတ်ကို တောင်းပါမယ်။ အကောင့်ကို reactivate
လုပ်ရန်အတွက် ဂူးဂဲလ်မှ ထို ဖုန်းနံပတ်သို့ text message သော်လည်းကောင်း၊
voice message သော်လည်းကောင်း ပို့မှာ ဖြစ်ပါတယ်။
သို့သော် ကျနော်တို့ မြန်မာပြည်မှ မိုဘိုင်း နံပတ်များကို မပို့ပေးပါဘူး။
ဒါကြောင့် မိမိ၏ အကောင့် disabled ဖြစ်ပါက Contact Support ( http://www.google.com/support/accounts/bin/answer.py?answer=40695&a......
) မှ နေ၍ reactivation request လုပ်ခြင်းသာ တစ်ခုတည်းသော နည်းလမ်း
ဖြစ်ပါတယ်။ ဖော်ပြပါ လင့်ကို disabled ဖြစ်နေသော အကောင့်သို့ ဝင်လိုက်ပါက
တွေ့ရှိနိုင်ပါတယ်။
မည်သည့်နည်းလမ်းဖြင့် re-activate လုပ်သည် ဖြစ်စေ အကောင့် recover ဖြစ်ရန် ရာခိုင်နှုန်းကတော့ 50-50 ပါပဲ။
ဒါ့ကြောင့် ဆော်ဒီ ပရောက်ဆီ ဖြင့် မိမိ၏ ဂျီမေးအကောင့်ကို ဝင်ရောက်ဖြင်းအား တတ်နိုင်သမျှ ရှောင်ရှားကြပါလို့ သတိပေးလိုပါတယ်။
အောက်ကတော့ မသိသေးသူများ အတွက် အကြံပေးခြင်း ဖြစ်ပါတယ်။ အင်တာနက် အိပ်စ်ပလိုရာ နှစ်ခု သုံးနည်း ဖြစ်ပါတယ်။
မော်ဇီလာဖြင့် ဂျီမေး လုံးဝ မသုံးပါနဲ့။ ဂူဂဲ အကောင့်သုံးရမည့်
နေရာမှန်သမျှ မသုံးပါနဲ့။ ဥပမာ။ ဂူးဂဲ search တောင် မိမိ၏ အကောင့်နဲ့
မလုပ်ပါနဲ့။
အင်တာနက်သို့ ၂။) တရားဝင် ပရောက်ဆီဖြင့် Google Chrome ကို သုံးပါ။ ၎င်းဖြင့် ဂျီမေးသုံးပါ။ ဂူဂဲ အကောင့်သုံးရမည့် နေရာမှန်သမျှ သုံးပါ။
This entry was posted on 5:54 AM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .
0 comments