အချစ် .. အချစ် .. ဘယ်ကနေ စ လာတာလဲ  

Posted by တေဇာအောင်

အချစ် .. အချစ် .. ဘယ်ကနေ စ လာလဲဆိုတော့ ........

ဟိုး ...ကမ္ဘာဦး အစတုန်းက လူတွေက အရမ်းကို ထွားကြိုင်း ကြတယ်တဲ့ ......

နတ်တွေက လူတွေထက်သေးတယ်လေ ......

လူတွေကလည်းမျိုးဆက်ပွားကြတော့ ... အရမ်းကို အင်အားကြီးလာကြတယ်

အဲဒီ တော့ နတ်တွေက လူတွေကိုကြောက်လာကြရော.....

တန်ခိုး အရာမှာတော့ နတ်တွေက ကြီး တယ်.....

နတ်တွေက တချိန်ချိန် မှာလူတွေကသူတို့ကို ဒုက္ခ မပေးနိုင်အောင် ကြံစည်ကြသတဲ့ .....

ဘယ်လိုကြံ စည် လဲဆိုတော့ .......

အကောင်ကြီး တဲ့ လူတွေကို ဖမ်း ........ပီးရင် .. သေးသွားအောင် အခြမ်း ခြမ်းပစ်ကြတယ် ......

သနားစရာကောင်းတဲ့ လူတွေ မှာ ... အခြမ်း တွေကွဲ ကုန်ကြတာပေါ့ ..........

ပိန်တဲ့ နေရာပိန် ဖောင်းတဲ့ နေရာဖောင်း ဖြစ်ကုန်ကျတယ် (ယခုမြင်တွေ့ရတဲ့ ယောက်ျား ၊ မိန်းမ တွေလိုပေါ့....ဟ ဟ)

အဲဒီအချိန်ကစပီး ... လူတွေ အခြမ်းကွဲကုန် ကြတာပေါ့ .......

လူတွေများလို့ ကွဲသွားတဲ့ အခါ ...ကိုယ့် အခြမ်းကိုလိုက်ရှာ ကြရသတဲ့ ......

ကိုယ့်အခြမ်းကိုယ်ရှာ ရင်းနဲ့ ....အခြမ်း အခြမ်း လို့ အော်ပီးလိုက်ရှာရာကနေ ....

အချိန်တွေရွေ့ လျားလာတော့ အချစ် အချစ် ဆိုပီး ဖြစ်လာကြရော..

ကမ္ဘာဦး အစကနေရှာကြတဲ့ အချစ် ....အခုထိရှာ နေကြတုန်းပေါ့ ..

တချို့  လူတွေမှာတော့ သူတို့အခြမ်းသူတို့ရှာမတွေ့ကြရှာပါဘူး ...လူပျိုကြီး အပျိုကြီး တွေလေ .. ဟဟ ..။။

တချို့ လူတွေကတော့ အခြမ်းမှားသွား ကြသတဲ့ .....

တယ်ရင်းတို့တွေရော .. ကိုယ့်ရဲ့အခြမ်းကို ရှာလို့တွေ့ကြပီလားဟင် ..

This entry was posted on 5:58 AM and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments