Posted by တေဇာအောင်

အလွမ်းနဲ့ပေရေနေတဲ့ ငါ့နှလုံးသားကို
မျက်ရည်တွေနဲ့ဆေးကြောပစ်မယ်
ချေရာဖျောက်.. သေချာပေါက်
နင်မမြင်စေရဘူး….။

တိတ်တခိုးဇာတ်လမ်းပြန်စပြီပေါ့..
အပြုံးနဲ့စတဲ့ ဇာတ်က…
အနမ်းနဲ့လည်း ဇာတ်မသိမ်းခဲ့ပါဘူး..
သံသရာကလည်ဆဲမို့
နင့်ကိုလည်း ငါချစ်တုန်းပဲ။

မတတ်နိုင်ဘူး ချစ်ရယ်..
နင်ပြုံးရင် ငါလိုက်ပြုံးမိတာ..
မသက်ဆိုင်တော့ဘူးဆိုတဲ့
အပြုံးကိုတောင် ရင်နာနာနဲ့ပဲ
ပြုံးစာပြန်မိတယ်..။

မရည်ရွယ်ပဲနဲ့ စိတ်ရင်းက
ချွေခဲ့တဲ့ နင့်အနမ်းတွေက
အခုတော့ မရေရာတော့ပေမယ့်…
ငါ့နှုတ်ခမ်းဖျားက..
အစားထိုးခြင်းကို မသိဘူးတဲ့။

ငါလိမ်တတ်မှ……
နင်အနေတတ်မယ်ဆိုလဲ
မုသားမကင်းအောင် ငါနေပါ့မယ်။
ဒါပေမယ့် ချစ်သူ…
ဘယ်တော့မှ မညာတတ်မယ့်
ဒီမျက်ဝန်းတစ်စုံကိုတော့
ခွင့်လွှတ်ပေးပါ….။

အကြိမ်ကြိမ်လည်း……..
ငါ့ရဲ့လက်တွေကိုရိုက်ချိုးနေတယ်
နင့်အတွက်မလှပတော့တဲ့
စာတွေ ခဏခဏချရေးမိနေလို့…..။


This entry was posted on 6:03 AM . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments