“ဇာတ်သိမ်းအနမ်း”  

Posted by တေဇာအောင်

အချိန်တွေကိုရိုက်ချိုး
ရုပ်သေးရုပ်အဖြစ်ဖန်ဆင်း
ရှေ့တိုး၊ နောက်ဆုတ်
ငါ့နှုတ်မိန့် သာ
လိုက်နာစေ။

နွေ၊မိုး၊ဆောင်းကို
ဇောက်ထိုးလှန်
အလွမ်းတွေ
ခွေးကျ၊၀က်ကျ ကျတော့
ဒီရင်ခွင်ကနာတယ်။

သူ့ပုံရိပ်ကို ပစ်စလတ်ခတ်
မြင်လိုက်မှ
ငါ့မျက်ဝန်းတစ်စုံက
ထ ‘က’ တယ်။
ငါရင်ခုန်သံယိုင်လဲတာ
သူ့အပြုံးရောင်ပြန်ဟတ်လို့။

အိပ်မက်တွေတောင်
အသက်ဝင်
သူ့ကိုရက်ရက်စက်စက်
ချစ်သတဲ့……
နေမ၀င် အချစ်တဲ့လား။

လေးဘက်လေးနံကရှုစား
ငါအပီခိုက်ပါတယ်
သူ့လက်နက်က
အကြည့်တချက်တည်းသာ
အကြိမ်ကြိမ် ငါ့ကိုသေစေခဲ့တာ။

ငါ့နှလုံးသားကို တစ်သက်တာ
အပေါင်ဆိုင်ပို့ခဲ့တာ
ဟောဒီပန်းတစ်ပွင့်အတွက်သာ
အမည်က
“ဇာတ်သိမ်းအနမ်း” တဲ့လေ။

This entry was posted on 5:57 AM . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments