မာယာသခင်မ  

Posted by တေဇာအောင်


အလည်လွန်နေတဲ.စိတ်ကူးတွေကို
ပြန်လည်ရုတ်သိမ်းရင်း
အတွေးစကိုဖြတ်
ညဉ့်နက်နက်မှေးစက်ရာအခင်း ကဗလာကို
ပြင်ဆင်ပြီးချိန်တော့
ကျေး ငှက်လေးတွေတောင်
သာယာသံချို တွန်ကျူးလို့နေလေပြီ......
ဒီလိုနဲ့ နောက်တစ်ရက်ပေါ့
အိမ်မှာနေရင် ပျင်းလို့
တောက်တိုမယ်ရ ဘာညာကိစ္စ
လုပ်တော့လဲ စိတ်နဲ့ကိုမကပ်ပဲ
သံပတ်ပေးထားတဲ. စက်ရုပ် တစ်ရုပ်လို
ဖြစ်နေရပြီ.....
ခုဆိုရင်.... ငါ့ရဲ့စိတ်တွေက
မင်းရဲ့ အရှေ.ကိုရောက်ရင်
အလိုလို ဒူးထောက် ဦး ညွတ်နေမိတယ်
ကျေးဇူးပြု၍.......
မင်းရဲ့မာယာကွန်ယက်တွေကြာ:က
လွတ်မြောက်ခွင့်ပေးပါ...
ငါ့ရဲ့ ဘဝကိုဒုတိယ အကြိမ်
ပြန်လည်ရှင်သန်ခွင့်ပေးပါ
ယောင်္ကျားတစ်ယောက်ရဲ့
မာနနဲ့ သိက္ခာကို ခဝါချပြီး
တောင်းပန်ပါတယ်.....
ဒါပေမယ့် မင်းကို အမြဲချစ်နေမှာပါ
ဘယ်ဘဝ ရောက်ရောက်ပေါ့............

problem boy

အသစ်ဖြစ်သော ရင်ခုန်သံ  

Posted by တေဇာအောင်




မြင်လိုက်တဲ.ခဏမှာ
ငါ့ရင်ဟာ ဗလောင်ဆူလို့
တဒင်္ဂ ရူးသ္ဓပ်သွားခဲ့တာ
နင် သိလေမလား?
အကြည်.ခြင်းဆုံ
ရင်တွေခုန်လို့
ငါ့ရဲ့ ခံစာ:ချက်တွေ
မွေးဖွားလာခဲ့တယ်။
ကံဇာတ်ဆရာရဲ့
ကြမ္မာအလှည့်အပြောင်း ကြာ:မှာ
ဒို့နှစ်ယောက် ဆုံရ
နောက်ကျလေမလား
စိုးရိမ်မီတယ်
မြှားနတ်မောင်ရယ်

 

Posted by တေဇာအောင်

အတိတ်ဆိုတာ အရိပ်ပါပဲ
အချိန်ဆိုတာ တိမ်လိုပါပဲ....
အချိန်တွေရွှေ. လျှားမျောလွင့်
မင်းနဲ့ဝေးနေရတဲ. စက္ကန့်တိုင်း
ငါမင်းကိုလုံးဝ မေ.မရဘူးဆိုတာ
ယုံပါကွာ.....

 

Posted by တေဇာအောင်

ရောင်စဉ်ကိုပေးသော မီးအိမ်ဟာ
ဒဏ်ရာမြေမှာ လဲလျှောင်း
ငြိမ်သက်ခဲ့ပြီပေါ့....
အကြင်နာတွေ ပျက်သုဉ်း
ငါ့ချစ်သူ....နင်ငါ့ကိုမုန်းလဲ
မုန်းမေ.မရ ဒို့ရင်ထဲက
မပြဲသစ္စာတည်ဆဲပါကွာ....

မေ့ချင်တယ်  

Posted by တေဇာအောင်

ချစ်သူရေ...ရက်စက်တဲ.လောကဓံရဲ့
တိုက်ခတ်မှုကြာ:မှာ
တို့ နှစ်ဦး ဝေးရပြီနော်....
အပြစ်မရှိပဲ ငါ့အပေါ်ရက်စက်ခဲ့တဲ.
မင်းကိုစိတ်နာချင်ရဲ့
စိတ်မနာနိုင်ခဲ့ပါဘူး........ချစ်သူ
မေ့ပစ်ဖို့ ကြိုးစာ:တိုင်း
သတိရမှုတွေတောင်
ထပ်ထပ် တိုးလာလို့
ငါကိုငါတောင် အပြစ်ပေးချင်ရဲ့......
ဝေးကွာမှ ငါလေမင်းကို
ဘယ်လောက်ချစ်ခဲ့လဲ
နားလည်လာခဲ့တရ်....
ပျော်ပျော်နေပါ ချစ်သူ
မင်းပျော်ရွှင်ဖို့ ငါ့ရဲ့နှလုံးသား
တံတာ:ခင်းပေးပါ.မယ်....

အကြောက်တရား  

Posted by တေဇာအောင်

ပျော်ပါစေ.......ချစ်သူ
နင်ပျော်ရင် ငါကျေနပ်တရ်
ဝမ်:မနည်းပါနဲ့ ချစ်သူ
စိတ်ညစ် စေမယ့် မင်းရဲ့အရာအားလုံး
ငါမျှဝေခံစာ:ပေးပါမယ်
မမုန်းပါ နဲ့ချစ်သူ
နင့်အမုန်းဒဏ်
ငါမခံစာ:နိုင်လို့ပါ.....

ပျော်တော်ဆက်  

Posted by တေဇာအောင်

လွမ်းရဲ့ ပြယုဉ်
ထာဝရ ငါ့အတွက်လား
ချစ်ခဲ့မိတာ လမ်းခွဲဖို့မှမဟုတ်တာ....
ရက်စက်တဲ. ကံကြမ္မာကြာ:မှာ
လူးလွန့်စွာ ရွှေ့လျားရင်း
ပျော်တော်ဆက် ငါ့မှာ
မင်းအတွက်တော့အရံလူပါကွာ

 

Posted by တေဇာအောင်

လင်း ရောင်ခြည်ဦး ၊ နံနက်ခင်းမှာ
ကေ သာဆံလှ ၊ ချစ်ရတဲ.
ဇာ ပဝါပါးမှတဆင့်...
အောင် မြင်စွာ ကြည်.ခွင့်သာခဲ့ပြီ...

အတိတ် ရဲ့ အရိပ်  

Posted by တေဇာအောင်

တိတ်တခိုး မျက်ရည်နဲ့
ကြေကွဲစွာ မျှော်လင့်နေတဲ.
ငါ့နှလုံးသားဟာ
ဒဏ်ရာတွေစွန်းထင်နေရစ်ပေါ့..........
ဝေခွဲမရတဲ. အတိတ်ကပုံရိပ်တွေဟာ
နာကျည်းမှုနဲ့ထပ်တူ
အလွမ်းဆိုတာမေ.ပြစ်လို့
နာကျင်လျှက်ပါ.........ချစ်သူ.......
ခံစာ:တက်တဲ. နှလုံးသား
ဆိတ်သုဉ်းသွားခဲ့တာ ငါ့ကြောင်.လား.........ချစ်သူ
အရမ်း ချစ်တတ်ခဲ့ပါတယ်
အတိတ်တုန်းကပေါ့.......
လွမ်းခဲ့သလား ကျန်ခဲ့ပါပြီ......
ခုချိန်မှာတော့........
ခံစာ:ချက်မရှိတဲ. နှလုံးသားနဲ့
ဘဝကိုဆက်ဦးမပေါ့.....

အပျော်ရွှင်ဆုံး စကားတစ်ခွန်း  

Posted by တေဇာအောင်

တီဗီအသံလွှင့်ဌာနတစ်ခုက အစီအစဉ်လေးတစ်ခု
ကျင်းပခဲ့တယ်။ အဲဒီအစီအစဉ်က အမျိုးသမီး ပရိသတ်တွေဆီကနေ
"အပျော်ရွှင်စေဆုံးစကားတစ်ခွန်း"
တောင်းဆိုတဲ့
အစီအစဉ်ဖြစ်တယ်။
ကြေညာချက်ထုတ်ပြန်ပြီးနောက် အနယ်နယ်အရပ်ရပ်က ပရိသတ်ရဲ့စာတွေ အသံလွှင့်ဌာနဆီ ပလူပျံခဲ့တယ်။ စာတွေအများကြီးထဲမှာ
နောက်ဆုံး "နင်အိပ်နေ.. ငါထမယ်" ဆိုတဲ့ စကားတစ်ခွန်းက
ပထမရသွားခဲ့တယ်။

"နင်အိပ်နေ.. ငါထမယ်" ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ဒီလို
ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့တယ်။

ငယ်ရွယ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင်မှာပဲ ကလေးရလိုက်တယ်။ ကလေးထိန်းခေါ်ဖို့ အပိုဝင်ငွေမရှိတာကြောင့်
မိန်းမဖြစ်သူက အိမ်မူကိစ္စနဲ့ ကလေးထိန်းတာဝန်ကိုယူပြီး ယောက်ျားဖြစ်သူက စားဝတ်နေရေးအတွက်
အလုပ်ထွက်လုပ်ခဲ့တယ်။

ဒါပေမယ့် ကလေးငယ်က မိဘတွေ မျှော်လင့်ထားသလို မကျန်းမာခဲ့ဘူး။ အသားဝါရောဂါဖြစ်လိုက် အဆုတ်ရောင်ရောဂါဖြစ်လိုက်နဲ့ ချူချာခဲ့တယ်။
ကလေးရောဂါကုဖို့ ယောက်ျားအလုပ်ပိုကြိုးစားခဲ့သလို မိန်းမကလည်း နေ့မအား ညမအား ကလေးငယ်ကို
ပြုစုစောင့်ရှောက်ခဲ့တယ်။

ကလေးငယ် အသက်ရှင်ကျန်းမာဖို့ မျှော်လင့်ရင်း ဇနီးမောင်နှံနှစ်ဦးဟာ တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေ၊ ရဲစွမ်းသတ္တိတွေ ဖြည့်ခဲ့ကြတယ်။
အလုပ်ကပြန်လာတိုင်း ယောက်ျားဖြစ်သူဟာ အိမ်ထဲမဝင်ခင် ရှုပ်ပွနေတဲ့ဆံပင်၊ အင်္ကျီတွေကို
သပ်သပ်ရပ်ရပ်ပြုပြင်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာကို လန်းဆန်းတက်ကြွတဲ့ အသွင်ဆောင်ပြီးမှ
တံခါးခေါက်လေ့ရှိတယ်။ မိန်းမဖြစ်သူကလည်း ယောက်ျားရဲ့ အိမ်အပြန်ခြေသံကိုကြားတာနဲ့
ညှိုးနွမ်းနေတဲ့ မျက်နှာထားကိုပြင်၊ ဖရိုဖရဲ ဆံပင်၊ အင်္ကျီတွေကိုပြင်ပြီးမှ တက်ကြွတဲ့အပြုံးနဲ့ ယောက်ျားကို
တံခါးဖွင့်ကြိုဆိုလေ့ရှိတယ်။

တစ်နေ့မှာ တံခါးအပြင်က ယောက်ျားဖြစ်သူရဲ့ လျှို့ဝှက်ချက်ကို မိန်းမသိသွားခဲ့တယ်။ ဒါပေမယ့်လည်း မျက်ရည်စီးကြောင်းတွေကို
အမြန်ဖျက်ပြီး အပြုံးနဲ့ ယောက်ျားကို တံခါးဖွင့် သူကြိုခဲ့ပါတယ်။ လင်ယောက်ျားကို ပိုသနားကြင်နာမိတဲ့ မိန်းမဟာ ညအခါ
ကလေးငိုချိန် သူဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ ယောက်ျားကို မနှိုးရက်ဘဲ တစ်ယောက်ထဲ
တိတ်တိတ်ဆိတ်ဆိတ်ထပြီး ကလေးကိုချော့မြူခဲ့တယ်။

မိန်းမရဲ့လျှို့ဝှက်ချက်ကို ယောက်ျားသိသွားပြီးတဲ့နောက် မိန်းမကို ပိုဂရုစိုက်ကြင်နာခဲ့တယ်။ ညမှာ ကလေးလေးငိုတာနဲ့ သူချက်ချင်းထတတ်ပြီး
မိန်းမကို "နင်အိပ်နေ.. ငါထမယ်" ဆိုပြီး ပြန်အိပ်ခိုင်းစေခဲ့တယ်။ ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်က ညတိုင်းလိုလို
ဂျီကျငိုယိုတော့ လင်ယောက်ျားရဲ့ အဲဒီစကားတစ်ခွန်းကိုလည်း ညတိုင်းလိုလို
မိန်းမကြားခဲ့ရတယ်။

ဇာတ်လမ်းကို အစီအစဉ်တင်ဆက်သူ ပြောအပြီးမှာ ပရိသတ်ကြားကနေ တစ်ခေါင်းလုံး
ဆံပင်ဆွတ်ဆွတ်ဖြူနေတဲ့ လင်မယားနှစ်ဦး တစ်ယောက်လက်ကို
တစ်ယောက်တွဲပြီး ထရပ်တယ်။ မိန်းမဖြစ်သူက ရစ်ဝဲနေတဲ့မျက်ရည်နဲ့ ပရိသတ်ဖက်လှည့်ပြီး
"ဇာတ်လမ်းထဲက ယောက်ျားဟာ သူပါ။ ကျွန်မတို့ အိမ်ထောင်သက် ၅၈နှစ်ရှိပါပြီ။ အဲဒီစကားတစ်ခွန်းက
ကျွန်မရင်ကို ခုထက်ထိ နွေးထွေးစေပါတယ်"
လို့ပြောတယ်။

မိန်းမရဲ့စကားကိုကြားတော့ ယောက်ျားက သွားမရှိတော့တဲ့ ပါးစပ်ကိုဟပြီး ရယ်တယ်။ ပရိသတ်အများရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်ဥလေးတွေ
တွဲခိုနေခဲ့တယ်။

"အပျော်ရွှင်စေဆုံး စကားတစ်ခွန်း"က တကယ်တော့ ကျွန်တော်တို့ရင်ဘတ်ထဲကနေ ထွက်လာတဲ့ စစ်မှန်တဲ့ အပြုအမူလေးတစ်ခုဖြစ်တယ်။
အဲဒီအပြုအမူလေးတစ်ခုက ချစ်ခြင်းမေတ္တာကို နှိုးဆွနိုင်ခဲ့တယ်။ လောကကြီးကို ချစ်ခြင်းရနံ့တွေ ဖြန့်လွှင့်ပြီး
မွှေးကြိုင်စေခဲ့ပါတယ်။

သင့်ရဲ့အပျော်ရွှင်စေဆုံး စကားတစ်ခွန်းက ဘာလဲ? (ချရေးကြည့်ပါ)
သူ့အတွက် အပျော်ရွှင်စေဆုံး စကားတစ်ခွန်း သင်ပြောခဲ့ပြီးပြီလား?

 

Posted by တေဇာအောင်


ပန်းတပွင့် နွမ်းလို့ပစ်ချင်ပစ်ခဲ့ဖူးလိမ့်
မယ်
လူတယောက် လွမ်းဖို့ ဘယ်သူကချစ်ခဲ့ဖူးမှာလဲ။
နွမ်းခဲ့တဲ့ပန်းတပွင့်ကြောင့် ရင်ကိုမထိခိုက်ပေမဲ့
လွမ်းခဲ့တဲ့ အလွမ်းတခုကြောင့် ရင်ကိုမထိခိုက်ဖူးသူ
ဘယ်သူရှိမှာလဲ။
ထက်ဝေလင်း

ညီလေး ထက်ဝေလင်းရဲ့ ရင်တွင်းဖြစ်လေးပါ။
အနော် Blog အား အမြဲအားပေးနေသောဘော်ဘော်များကို
ထာဝရကျေးဇူးတင်လျှက်........
တေဇာအောင်