မှားပိတ်မိတဲ့ Tab တွေကို ပြန်ခေါ်နည်း  

Posted by တေဇာအောင်

ကျွန်တော်တို့ ဆိုဒ်တွေ အများကြီးဖွင့်ထားလို့ဘဲဖြစ်ဖြစ် မိမိဖတ်လက်စာ ဆိုဒ်တစ်ခုကို မှားပြီ ပိတ်မိလို့ဘဲ ဖြစ်ဖြစ် ပြန်လိုချင်တယ်ဆိုရင် Keyboard ကနေ Ctrl+Shift+T ကိုနိုပ်လိုက်တာနဲ့ မိမိ မှားပိတ်မိတဲ့ ဆိုဒ်တွေကို ပြန်ရှာလို့ရပါတယ် ဖွင့်တာတွေ များလွန်လို့ မတွေ့မချင် ctrl+shift+T ကိုနိုပ်ပြီ မတွေ့မချင် ရှာဖွေနိုင်ပါတယ်ဗျာ။



စကားပြောရင်း သူငယ်ချင်းကိုပေးနားထောင်ရအောင်  

Posted by တေဇာအောင်

ကိုယ်ဖွင့်ထားတဲ့ သီချင်းလေးတွေ ကို စကားပြောရင်း သူငယ်ချင်းကိုပေးနားထောင်ရအောင်

ကိုဖွင့်ထားတဲ့ သီချင်းလေးကိုစကားပြောနေတဲ့ သူငယ်ချင်း ကိုပေးနားထောင်ချင်ရင်တော့

Gtalk>setting>audio ကိုသွားပါ ပြီးရင် အောက်ဆုံးမှာရှိတဲ့ share music listening ……

…ဆိုတဲ့နေရာလေး မှာ မှန်ခြစ်လေးပေးလိုက်ပါ

..ပြီးရင် ok ပေးလိုက်ပါ…ဒါဆိုရင် သီချင်းကောင်းကောင်းလေးတွေကို ကိုယ်ရောသူငယ်ချင်းပါနားထောင်လို့ရပါပြီ …







မိမိ Gtalk မှာ chat ထားတာတွေ မ Save ချင်ရင်  

Posted by တေဇာအောင်

Gmail အကြောင်းမှာ ဖော်ပြပြီး ဖြစ်ပေမဲ့ Gtalk မှာလည် ပြုလုပ်နိုင်သည့် command ပါဝင်ပါသည်။

1. Google Talk မှ settings ကို click ပါ

2. chat ကို click ပါ

3. Don’t save chat History in my Gmail account ကို click ပါ

4. ok ပေးပါ။



Gtalk အတွက် Shortcuts  

Posted by တေဇာအောင်

CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းလဲလိုလျှင်အသုံးပြုနိုင်သည်။ chat ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F11 နှိပ်ပါ။ မိမိနဲ့chat နေတဲ့သူရဲ့မေးလ်ကိုဖွင့်ချင်ရင် F9 ကိုနှိပ်ပါ။

• Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။

• Chat ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။Chat window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။

• ပြောနေတဲ့ Chat box တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။

• Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက် 32767 လုံးအထိရိုက်နိုင်ပါသည်။

• စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။









• Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။ဥပမာ။ ။ ¬_great_ ဆိုရင် great လို့ပေါ်လာပါလိမ့်မည်။

• Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။

• Gtalk မှာ အောက်မှာပြထားတဲ့ အတိုင်း ပုံလေးတွေ ရိုက်ထည့်ချင်ရင် ဒီ shortcut key လေးတွေ သုံးပါ

• ☺ လေး ပေါ်ချင်ရင် Alt+1

• ☻ လေးပေါ်ချင်ရင် Alt+2

• ♥ လေးပေါ်ချင်ရင် Alt+3

• ♦ လေးပေါ်ချင်ရင် Alt+4

• ♣ လေးပေါ်ချင်ရင် Alt+5

• ♠ လေးပေါ်ချင်ရင် Alt+6

• • လေးပေါ်ချင်ရင် Alt+7

• ◘ လေးပေါ်ချင်ရင် Alt+8

• ○ လေးပေါ်ချင်ရင် Alt+9 ကိုနှိပ်ပါ ။

• မှတ်ချက် (ကီးဘုတ် က အင်္ဂလိပ်ဖောင့် ကိုချိန်းထားမှပေါ်မှာပါ ..မြန်မာစာရိုက်နေရင်းတော့ပေါ်မှာမဟုတ်ပါဘူး ..နောက်ပြီးတော့ 1.2.3.4.5.6.7.8.9 တွေကကီးဘုတ်ညာဘက်ခြမ်းမှာရှိတဲ့ numberkey တွေနဲ့မှပေါ်မှာပါ).. ပုံကိုကြည့်ပါ။

Gtalk မှာ အကောင့်အများကြီးဖွင့်လို့ရအောင်ပြုလုပ်နည်း  

Posted by တေဇာအောင်

မိမိတို့ Gtalk software တစ်ခုကို Run ပြီးရင် မိမိတို့ အကောင့်တစ်ခုသာလျှင် ဖွင့်ပြီးသုံးနိုင်မှာဖြစ်ပါတယ်။မိမိကလဲ အကောင့် (5) ခုလောက် တပြိုင်တည်း ဖွင့်ပြီး အသုံးပြုချင်ရင် မိမိတို့ Gtalk မှာ Icon ပေါ်မှာ left click ပေးပါ။ properties ကို click ပါ။အောက်ပါအတိုင်းကျလာသော box မှာ googletalk.exe” နောက်မှာ /nomutex ကို

ပေါင်းထည့်ပါ။ok ကို click ပါ။ဒါဆိုရင် မိမိ စိတ်ကြိုက်အကောင့်တွေအများကြီး ဖွင့်နိုင်ပါပြီ။

မိမိ Gtalk မှာ ဘာသာပြန်စနစ်ထည့်နည်း  

Posted by တေဇာအောင်

မိမိ က အင်တာနက် မှာ အခြားနိုင်ငံက သူငယ်ချင်းတွေနဲ့ chat တဲ့ အခါ အင်္ဂလိပ်လို မသိတဲ့အခါ အလွယ်တကူ ဘာသာပြန်နိုင်အောင် အောက်ပါ ဘာသာစနစ်တွေကို မိမိအကောင့်မှာ add ထားပြီ အလွယ်တကူးဖြေရှင်းနိုင်ပါသည်

လုပ်ဆောင်ရမှာကတော့ မိမိက English ကနေ Russia ကို ဘာသာပြန်စေချင်ရင် en2ru@bot.talk.google.com လို့ မိမိ Gtalk မှာ add လိုက်ပါ။ဒါဆိုရင် မိမိက အင်္ဂလိပ်နဲ့ ရေးထားတဲ့ စာတွေကို ရုရှား အဖြစ်ပြောင်းပြီးဖတ်နိုင်ပါပြီ။

အောက်ပါ နိုင်ငံတွေကိုလည်း မိမိ gtalk မှာ ထည့်သွင်းပြီး အသုံးပြုနိုင်ပါသည်။



Arabic – English ar2en en2ar

Bulgarian - English bg2en en2bg

Czech - English cs2en en2cs

Danish - English da2en en2da

German - English de2en en2de

German - French de2fr fr2de

Greek - English el2en en2el

Spanish - English es2en en2es

Finnish - English fi2en en2fi

French - English fr2en en2fr

Hindi - English hi2en en2hi

Croatian - English hr2en en2hr

Italian - English it2en en2it

Japanese - English ja2en en2ja

Korean - English ko2en en2ko

Dutch - English nl2en en2nl

Norwegian - English no2en en2no

Polish - English pl2en en2pl

Portuguese - English pt2en en2pt

Romanian - English ro2en en2ro

Russian - English ru2en en2ru

Swedish - English sv2en en2sv

Chinese - English zh2en en2zh

Englishzh-hant2en en2zh-hant

Traditional Chinese -Chinesezh-hant2zh zh2zh-hant



ဆိုင်းလေးတွေ ထိုးကြမယ်  

Posted by တေဇာအောင်

သူငယ်ချင်းတို့ရေ အခုတင်ပြရမှာကမိမိ နံမည် ပဲဖြစ်၊ကိုအသုံးပြုချင်တဲ. နေရာမှာသုံးလို့ရပါတယ်။

အဲ့ဒီဆိုဒ် လေးကိုသွားချင်ရင်တော့ ဒီမှာ ပါ။

link ကတော့ ( http://mylivesignature.com/ )

အဲ့ဒီမှာပါ၊ အဲ့ဒီကလဲ သွားလို့ရတယ်။

ဘယ်လိုသုံးရမလဲ ဆိုတော့ အရင်ဦးဆုံး ပေးထားတဲ .လင့်ကို ကလစ်လိုက်ပါ

နှိပ်ပြီးရင် အဲ့ဒီ Page မှာ Click Here To Start ဆိုတာလေးကိုထပ် ကလစ်လိုက်ပါ။

အဲ့ဒါဆိုရင် ထပ်ပေါ်လာတဲ. Page မှာ ( Using the signature creation wizard )

အဲ့ဒါလေးကိုရှာပြီ:ကလစ်လုပ်လိုက်ရင် ဆိုင်းထိုးလို့ရသွားပါပြီ....









Windows 7 logo Background Change နည်း  

Posted by တေဇာအောင်

ကျွန်တော်တို့ Windows 7 မှာ XP လို Logo ကို အလွယ်ချိန်းလို့ ရအောင် ကျွန်တော်တို့ Software အကူအညီနဲ့ လုပ်လို့ရပါတယ်။ လုပ်ရတာလဲ လွယ်ကူပေါ့ပါးလို့ ကျွန်တော်တင်ပြပေးလိုက်တာပါ။ ကြိုက်နှစ်သက်တယ် အသုံးပြုချင်တယ်ဆိုရင်တော့ အောက်က Software ကို အသုံးပြုနိုင်ပါတယ်။ မိမိကြိုက်နှစ်က်ရာပုံတွေကိုလဲ စိတ်ကြိုက်ရွေးချယ်အသုံးပြုလို့ရပါတယ်။ အသေးစိတ်ပြစရာ မလိုဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘာမှ မခတ်ခဲ့လို့ဖြစ်ပါတယ်။ အဆင်မပြေရင် ကျွန်တော်ကို ဝေဖန်အကြုံပြုနိုင်ပါတယ်။







Mediafire

MegaShare





Windows 7 မှာ Font တွေဘယ်လို Change မလဲ  

Posted by တေဇာအောင်

ကျွန်တော်တို့ Windows 7 သုံးတဲ့အခါမှာ တစ်ခါတစ်လေမှ မိမိက သူ့ရဲ့ မှုလရှိပြီသာ Daufult ကို ကိုယ်က ပြောင်းမိတဲ့အခါမှာ Desktop ပေါ်မှာ Myanmar font ပျောက်သွားတာ ကြုံဖူးကျမှာပါ။ XP မှာတော့ Desktop ပေါ်ကနေ အလွယ်တကူးသွားလို့ရပေးမဲ့ windows 7 မှာ အမြင်လေးဆန်သွားပါတယ်။ ဒါကြောင့် လိုအပ်လို့ Font တွေ Items colcor တွေကို မိမိစိတ်ကြိုက်အရောင်တွေနဲ့ ပြောင်လဲချင်တယ် Font Size တွေ ပြန်ပြောင်ချင်တယ်ဆိုရင် အောက်ပါအတိုင်း လုပ်ကြည့်လိုက်ပါ။ ကျွန်တော် Windows 7 အကြောင်းတစ်နေ့ နည်းနည်း ကျွန်တော် တက်နိုင်သမျှ တင်ပြပေးပါမည်။

1. မိမိ Desktop ပေါ်မှာ Right click ထောက် Personalize ကို click လိုက်ပါ။ အောက်က ပုံကိုကြည့်လိုက်ပါ။









2. ပြီရင် windows color ကို ထပ် click လိုက်ပါ။







3. Advanced appearance settings ကို ထပ် click လိုက်ပါ။







4. အောက်ပါအတိုင်း Appearance Box ကျလာပါမည်။ Item မှာ Icon ကို ရွေးချယ်လိုက်ရုံးပါ။ (ကျန်တာတွေလဲ ကိုယ်တိုင်း လေ့လာကြည့်ပါ. အမြင်ဆန်စေပါတယ်။) ပြီရင်တော့ Apply ကို နိုပ်ပြီ OK ကို နိုပ်လိုက်ရုံပါဘဲ။



Windows 7 မြန်အောင် ပြုလုပ်နည်း(၆)နည်း  

Posted by တေဇာအောင်

ကျွန်တော် အရင်က Windows XP အတွက် Windows မြန်ဆန်အောင် ပြုလုပ်တဲ့နည်း အတော်များများကို ကျွန်တော်တင်ပြခဲ့ပြီဖြစ်ပါတယ်။ အခုတော့ Windows 7 အတွက် အသုံးတည့် မြန်ဆန်စေမည့် နည်းလမ်းများကို တင်ပြပေးပါမည်။ ကျွန်တော် ကိုယ်တိုင်း လည် အသုံးပြုနေတာ ဖြစ်တဲ့ အတွက် တစ်စုံတစ်ရာ နားမလည်ပါက comments ပေးခဲလို့ရပါတယ်။ အခုနည်းတွေအပြင် XP အကြောင်းက နည်းတွေလည် တစ်ချို့နည်း တွေနဲ့ ကိုက်ညီမှု့ရှိပါတယ်။ ဒါပေးမဲ့ Windows 7 က Vista ပေါ်မှာ မှုတည်ပြီ တည်ဆောက်ခဲ့ တာဖြစ်တဲ့အတွက် XP နဲ့တော့ နည်းနည်းကွဲပြာပါတယ်။ Vista နဲ့တော့ အရမ်းကြီး မကွဲပြာပါဘူး။ XP ကို ကျွမ်းကျင်စွာ အသုံးပြုတက်ရင်ဘဲ ကျန်တဲ့ OS တွေကို တစ်နေ့လောက် အချိန်ယူလိုက်တာနဲ့ကို ကျွမ်းကျင်စွာ အသုံးပြုတက် စေမှာဖြစ်ပါတယ်။



နည်းလမ်း (၁)



နည်းလမ်း ပထမနည်းလမ်းကတော့ XP မှာ Visual Effect တွေကို uncheck လုပ်သလိုပါဘဲ windows 7 မှာလဲ အဲ့ဒီအတိုင်းလုပ်ဆောင်တာဖြစ်ပါတယ်။ မိမိ ကွန်ပျူတာ မှ My computer ပေါ်မှာ Right click ထောက်ပြီ Properties ကို click လိုက်ပါ။ ပြီရင် Advanced System Setting မှ Performance အကွက်က Setting ကို click လိုက်ရင် အောက်ပါအတိုင်းကျလာပါမည်။ ကျွန်တော် အောက်မှာ တင်ပြထားတဲ့ Visual Effect Tab မှာ မလိုအပ်တဲ့ option တွေကို uncheck လုပ်လိုက်ပါ။



1. Enable desktop composition (If you want to use Windows Aero theme)

2. Enable transparent glass (If you want to use transparency in Windows)

3. Show thumbnails instead of icons (If you want to show thumbnails in Explorer)

4. Show window contents while dragging (If you want windows to show content while moving them)

5. Smooth edges of screen fonts (If you want to show smooth fonts)

6. Use drop shadows for icon labels on the desktop (If you want to show shadows under desktop icon labels)

7. Use visual styles on windows and buttons (If you want to use Windows Aero or Basic theme.)







နည်းလမ်း (၂)



ဒီနည်းကတော့ Folder Options က View Tab မှာ မလိုအပ်တဲ့ options တွေကို uncheck ပေးတာဘဲဖြစ်ပါတယ်။ မိမိတို့ Folder တစ်ခုကိုဖွင့်လိုက်ပါ။ Organize ဆိုတာကို ဘယ်ဘက်ထိပ်နားမှာ ရှိပါတယ်။ ပြီရင် Folder and Search options ကို click လိုက်ပါ။ ပြီရင် View Tab ကို click လိုက်ပြီ အောက်မှာ ကျွန်တော် တင်ပြထားတဲ့ Name များကို uncheck ပေးလိုက်ပါ။ ( Start >> all program >> control pannel >> folder option ( ညာဘက်ထိပ်က Vew by ကနေ small Icon သို့မဟုတ် large Icon ပြောင်းပြီ ကြည့်နိုင်ပါတယ်။) ကို click လဲရပါတယ်။)



• Display file size information in folder tips

• Hide extensions for known file types

• Show encrypted or compressed NTFS files in color

• Show pop-up description for folder and desktop items



နည်းလမ်း (၃)

ဒီနည်းလမ်းကတော့ Services တွေရဲ့ လုပ်ဆောင်မှုတွေထဲက အရေးမကြီးတဲ့ Services တွေကို ကျွန်တော်တို့ Manual သို့မဟုတ် Disabled ပေးတာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ရှင်းပြစရာ အကြောင်းတစ်ခုရှိပါတယ်။ အဲဒါကတော့ Manual နှင့် Disabled ရဲ့ ကွာခြားပုံနဲ့ အလုပ်လုပ်ဆောင်ပေးပုံကို ရှင်းပြချင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ လက်တလော မလိုအပ်တဲ့ Services တွေကို ပိတ်ချင်အားဖြင့် Windows ရဲ့ Speed တိုးလာမှာ မှန်ပေးမဲ့ အပိတ်လွန်သွားရင်လည် ပြဿနာ ရှိစေပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ မလိုအပ်တဲ့ Services တွေကို ပိတ်တဲ့နေရာမှာ Manual နဲ့ Disabled ပေးတာက သဘောတရားချင်တူပါတယ်။ ဒါပေးမဲ့ လုပ်ဆောင်ချက်က နည်းနည်းကွဲပြားပါတယ်။ ကျွန်တော်တို့က Disabled ပေးခဲ့ရင် Windows က Error ပြလို့ မိမိ ပိတ်ခဲ့တဲ့ Services လိုအပ်လာရင် Windows က ပြန်လည် start လုပ်လိုတဲ့အခါ Start ပြန်မလုပ်ပေးနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုက အဲ့ဒီ Services ကို Disabled ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေးမဲ့ Manual ပေးခဲ့ရင်တော့ ကျွန်တော်တို့ windows က Start လုပ်ဖို့ လိုအပ်လာတဲ့ အခါ လွယ်ကူစွာ ပြန်လည် ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မလိုအပ်တဲ့ Services တွေကို Manual ကိုသာ ပေးစေချင်ပါတယ်။



1. My computer ပေါ်မှာ Right click ထောက်ပြီ Manage ကို click လိုက်ပါ။ အောက်ပါအတိုင်း ကျလာပါမည်။ Services & Applications ကို click လိုက်ပါ။ ပြီရင် Services ကို Open လိုက်ပါ။ အောက်ပါအတိုင်းကျလာပါမည်။ ( Run Box မှာ services.msc လိုရိုက်ပြီ Enter ခေါက်လိုက်ရင် Service ကို ချက်ချင် ဖွင့်လည် ရပါတယ်။ ကျွန်တော်ကတော့ Run ကနေ သွားလိုက်ရင် ချက်ရင် ရောက်တဲ့အတိုင်း မတင်ပြဘဲ အရှည်သွားတာကိုဘဲ တင်ပြလိုက်တာပါ။ အခြေခံသိပြီသာတွေတော့ Run ကနေဘဲ Services ကို အလွယ်သွားလိုက်ပါ။)



2. အောက်မှာ ကျွန်တော် ၀ိုင်းပြထားတဲ့အတိုင်း Startup Type ကို click လိုက်ပါ။ ပြီရင် အောက်မှာ ကျွန်တော် စုစည်းပေးထားတဲ့ Name တွေတစ်ခုချင်ကို ရှာဖွေပြီ အဲ့ဒီ Name ပေါ်မှာ Right click ထောက် ပြီရင် Properties ကို click လိုက်ပါ။ ပြီရင် General အောက်က Startup Type အကွက်က Down Arrow လေးကိုနိုပ်ပြီ ကြည့်လိုက်ရင် Automatic ,Manual , Disabled, Automatic ( Delayed Start )ဆိုတာ ရှိပါတယ်။ Manual ကို ရွေးလိုက်ပါ။ ပြီရင် Apply ကို နိုပ်ပြီ OK ကို click လိုက်ပါ။ ဒါဆိုရင် ပြီးပါပြီ။



အောက်မှာကျွန်တော် တင်ပြတာတွေကတော့ Services ကို လုံခြုံမှုပေးနိုင်တဲ့ Manual တွေဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူငယ်ချင်းများ အနေဖြင့် ဘယ်ဟာကတော့ Disabled ပေးသင့်သလဲ ဘယ်ဟာကတော့ မပေးသင့်ဘူးဆိုတာတော့ ကိုယ်တိုင်း ဆုံးဖြတ်ပြီ Manual လုပ်လိုက်ပါ။ (ဥပမာ။ ။ ကျွန်တော်မှာ Printer မရှိပေးမဲ့ စာဖတ်သူမှာတော့ Printer ရှိချင်ရှိနေမှာပေါ့။ ကိုယ့်စိတ်က မသေချာရင်တော့ ပုံမှန်အတိုင်းထားလိုက်ပါ။ ဒါမှမဟုတ် စမ်းသပ်ပြီမှ အဆင်မပြေလို့ Manual ကို Automatic ပြန်လုပ်လဲရပါတယ်။)



• Application Experience

• Computer Browser (If your computer is not connected to any network)

• Desktop Window Manager Session Manager (If you don't use Aero theme)

• Diagnostic Policy Service

• Distributed Link Tracking Client

• IP Helper

• Offline Files

• Portable Device Enumerator Service

• Print Spooler (If you don't have Printer)

• Protected Storage

• Remote Registry (Always disable it for Security purposes)

• Secondary Logon

• Security Center

• Server (If your computer is not connected to any network)

• Tablet PC Input Service

• TCP/IP NetBIOS Helper

• Themes ( If you use Windows Classic theme)

• Windows Error Reporting Service

• Windows Media Center Service Launcher

• Windows Search (If you don't use Windows Search feature frequently)

• Windows Time (If you don't want to update system tray clock time using Internet)



နည်းလမ်း (၄)



ဒီနည်းကတော့ လူတိုင်းသိကျပါတယ် System Performance ကို တိုးစေတဲ့ နည်းဖြစ်ပါတယ်။ Run >> msconfig >> Startup အဲဒီမှာ မလိုအပ်ဘဲ Windows တက်တက်ချင်မှာ တက်တက်လာတဲ့အခါမှာ Windows ရဲ့ Speed ကို နည်းစေပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ Startup Entries တွေကို unchecks လုပ်လိုက်ပါ. Graphics card’s Driver unity, Sound Card Unity တွေနဲ့ အခြား Application Program တွေကို unchanks လုပ်လိုက်ခြင်း အားဖြင့် System Performance ကို မြန်ဆန်စေပါတယ်။



နည်းလမ်း(၅)



ဒီနည်းကတော့ System Sound ကို Disabled ပေးတာဖြစ်ပါတယ်။ အလွယ်သွားမယ်ဆိုရင်တော့ mmsys.cpl လို့ Run မှာရိုက်ပြီ Sound ကို ဖွင့်လိုက်ပါ။ ( Start >> All Programs >> Control Pannel >> Sound )ပြီရင် Sounds Tab ကနေ Sound scheme မှာ No sounds လို့ရွေးလိုက်ပါ။ ပြီရင်တော့ Apply ကို နိုပ်ပြီ OK နိုပ်လိုက်ပါ။ Play Windows Startup sound ကိုပါ Disabled ပေးလိုက်ပါ။





နည်းလမ်း(၆)

ဒီအောက်က နည်းတွေကတော့ မိမိတို့ ပုံမှန်လုပ်သင့် စဉ်းစားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

• Defrag the hard disk regularly

• Install only necessary software

• Use the latest device drivers

• Keep your Windows up-to-date



7 မှာ Folder တွေ ဖွင့်တဲ့အခါမှာ ကြာနေလား  

Posted by တေဇာအောင်

ကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်းတွေ သိတဲ့ အတိုင်း folder တွေ ဖွင့်တဲ့ အခါမှာ Windows 7 မှာ အတော်အတန့် ကြာပါတယ်။ XP လို ချက်ခြင်း တက်မလာပါဘူး။ အောက်မှာ တင်ပြထားတဲ့ ပုံအတိုင်း ဖြေးဖြေးခြင်းမှ တက်လာပါတယ်။ အဲဒီလို မဖြစ်ရအောင် လုပ်လို့ရတဲ့ နည်းဖြစ်ပါတယ်။ Windows XP နဲ့ Windows 7 အကြောင်းသာ တင်ပြ နေပေမဲ့ ဒီနည်းက Windows Vista မှာလည်း အသုံးဝင်ပါတယ်။ Windows 7 နဲ့ Windows Vista က ဆင်တူသလောက် ရှိပါတယ်။ အခုနောက် ပိုင်းတော့ ကျွန်တော်အထင် Windows Vista သုံးမည့်အစား Windows 7 ကိုသာ သုံးကြမယ်လို့ ထင်ပါတယ်။ ရှည်နေပြီ။ မဆိုင်တာတွေ ပြောနေတာနဲ့ Windows 7 မှာ Folder တွေ အတက်မြန်စေချင်ရင်အောက်က နည်းများကို အသုံးသာချလိုက် မြန်လာမလား စမ်းကြည့် ကိုယ်တိုင်းသိမည်။ (တင်ပြပေးထားတဲ့ နည်းအားလုံး လုပ်ဆောင်ပါ။)

နည်းလမ်း (၁)

Windows Search ကို Disabled ပေးခြင်း

1. Start >> Run (Win Key +R) >> Services.msc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။

2. အောက်ပါအတိုင်း ကျလာတဲ့ Properties Box မှ Windows Search ကို ရှာလိုက်ပါ။ Windows Search ပေါ်မှာ Double click ပေးလိုက်ပါ။ General Tab မှ Startup Type မှာ Disabled ရွေးပြီး Apply ကိုနိုပ်ပြီး OK ပေးလိုက်ပါ။



နည်းလမ်း (၂)



Disable Thumbnail Preview



1.ကြိုက်သစ်နှက်ရာ Folder တစ်ခုကို ဖွင့်ပြီး Organize >> Folder and Search Option ကို click လိုက်ပါ။ ( control pannel >> Folder Option ကို ဖွင့်လဲ ရပါတယ်။ )အောက်ကပုံကိုကြည့်ပါ။



2.အောက်ပါအတိုင်းကျလာတဲ့ Box မှ View ကနေ Advanced Settings မှာ Always Show icons, never Thumbnails ကို အမှန်ခြစ် ပေးလိုက်ပါ။ ပြီရင် Apply ကိုနိုပ်ပြီး OK ကို ပေးလိုက်ပါ။

Windows 7 64bit မြန်မာ Font ပြဿနာ  

Posted by တေဇာအောင်



Windows 7 အသုံးများနေတဲ့ အချိန်မှာ သူ့ရဲ့ ပြဿနာတွေထဲက မြန်မာ လက်ကွက် ပြဿနာလေးကို တင်ပြပေးပါမည်။ ကျွန်တော်တို့ ယ္ခုလက်ရှိမှာ Windows 7 မှာ 32bit/64bit/86bit ဆိုပြီထွက်ရှိပါတယ်။ 32bit ကို အသုံးပြုရင်တော့ AlphaZawGyi ကို Run လိုက်တာနဲ့ KeyBoard ကနေ ရိုက်လို့ရပါတယ်။ ဒါပေးမဲ့ 64bit တင်တဲ့ အခါမှာတော့ Alpha ZawGyi ကို Run လိုက်ပါတယ်။ ပြီတော့ မြန်မာဆိုဒ်တွေ ဖွင့်လိုက်တဲ့ အခါမှာ မြန်မာလို ပေါ်ပေးမဲ့ Keyboard ကနေ ရိုက်လိုက်တဲ့ အခါမှာ မြန်မာ Font က ထွက်မလာတော့ပါဘူး။ ဒါကြောင့် အဲဒီလို ကြုံလာခဲ့ရင် အောက်က နည်းနဲ့ ဖြေရှင်းလိုက်ပါ။ မြန်မာလိုရိုက်လို့ရသွားပါလိမ့်မည်။ ကျေးဇူးတင်ပါတယ်။



1.ပုံမှန်အတိုင်း AlphaZawGyi ကို Run ထားလိုက်ပါ



2.အောက်မှာ ကျွန်တော် ပေးထားတဲ့ WAR File မှ Setup.exe ကို အရင် Install လုပ်လိုက်ပါ။ (Repair ကို ရွေးပြီ RUN ပါ) ပြီရင် ZawGyil_amd64.msi ,ZawGyil_i386.msi နှင့် ZawGyi_ia64.msi ဆိုပြီရှိပါတယ်။ တစ်ခုမဟုတ် တစ်ခု Run ကြည့်လိုက်ပါ။ ပြီရင် အဆင်ပြေသွားပါမည်။ မရပါက Restart ခဏချလိုက်ပါ။ အဆင်ပြေပါမည်။




Multiupload

Mediafire


Megaupload












Windows 7 ကို ကျွမ်းကျင်စွာ အသုံးပြုတက်စေရန်  

Posted by တေဇာအောင်

ကျွန်တော် Windows 7 အကြောင်းကို ကျွမ်းကျင်စွာ အသုံးပြုတက်စေရန် ရည်ရွယ်ပြီ Post တွေ စတင်ရေးနေတဲ့အချိန်မှာ ကျွန်တော် စာအုပ်လေးတစ်အုပ်ရခဲ့ပါတယ်။ ဒါနဲ့ Download ချပြီ ဖတ်ကြည့်လိုက်တာ အင်္ဂလိပ်လို တစ်လုံးမှ နားမလည်တဲ့ သူငယ်ချင်း များတောင် ကျွမ်းကျင်စွာ အသုံးပြုတက်နိုင်စေတဲ့ စာအုပ်ဖြစ်ပါတယ်။ သူက ပုံလေးတွေနဲ့ စနစ်တကျ တင်ပြထားရုံးမျှမက မျှားလေးတွေကို အရောင်အသွေးနဲ့ပါ ဖန်းတီးပေးထားပါတယ်။ ဒါကြောင့် မျက်စီလည်တယ်လို့ ပြောပြောနေတဲ့ သူငယ်ချင်းများ အောက်က စာအုပ်ကို Download ချပြီ လေ့လာစေချင်ပါတယ်။ တစ်နာရီလောက် အချိန်ပေးလိုက်ရင်တောင် အတော် နားလည်ပါတယ်။ ဒါကြောင့် သူငယ်ချင်းများကို မျှဝေးပေးလိုက်တာဖြစ်ပါတယ်။





adacalladacall



Mediafire

MegaShare

Megaupload

Browser များစုစည်းမှု  

Posted by တေဇာအောင်

ကျွန်တော်သူငယ်ချင်းများ လိုချင်တာကို အလွယ်ရနိုင်ဖို့ အသုံးများတဲ့ Browser များကို စုစည်းတင်ပြပေးလိုက်ပါတယ်။ လက်ရှိအသုံးအများဆုံးများကိုသာ တင်ပြထားချင်ဖြစ်ပါတယ်။



Internet Explorer



Megaupload

Mediafire



Firefox

Megaupload

Mediafire



Chrome

Megaupload

Mediafire



Opera

Megaupload

Mediafire





flock browser ကတော့ကျနော်တင်ပြထားပြီးဖြစ်လို့ ထပ်မတင်ပေးတော့ပါဘူးနော်

Internet Search Engines များ  

Posted by တေဇာအောင်

ကျွန်တော်တို့ Internet မှာ ကိုယ်လိုချင်တာကို အကောင်းဆုံး ရှာဖွေနိုင်ဖို့ Search Engines များကိုတင်ပြပေးလိုက်ပါတယ်။ လိုချင်တာကို အကောင်းဆုံးရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် သိသလောက်တင်ပြပေးလိုက်တာပါ။



1.Google

2.Yahoo

3.Alexa

4.MSN

5.Netscape

6.Alta Vista

7.Search

သူငယ်ချင်းကို နောက်မယ်  

Posted by တေဇာအောင်

ကျွန်တော်တို့ တစ်ခါတစ်လေး ပျင်းတာနဲ့ အွန်းလိုင်က သူငယ်ချင်းတွေကို စချပါတယ်။ အဲဒီလိုစတဲ့နေရာမှာ ကောင်းမလေး ပြောနေတဲ့ သူငယ်ချင်းကို စရတာ အရသာ ပိုရှိပါတယ်။ ဒီနည်းလေးကတော့ Bat ဖိုင်လေး လုပ်ပြီ Shut Down ကျစေတာဖြစ်ပါတယ်။ ကျွန်တော်တို့ Create Short Cut နဲ့ လုပ်တာတော့ အတော်များများလုပ်တက်ပါတယ်။ ဒီနည်းလေးကတော့ ကျွန်တော်တို့ Notepad ထဲမှာ စာလေး ၄ ကြောင်းလောက်ရေးပြီ Bat ဖိုင်တည်ဆောက်ပြီ Shut Down ကျစေတာဖြစ်ပါတယ်။

1. Start မှ Run ကို ဖွင့်လိုက်ပါ။

2. Notepad လို့ ရိုက်ထည့်ပြီ Enter ခေါက်လိုက်ပါ။အောက်က စာလေးတွေကို copy ကူးပြီ Notepad ထဲထည့်လိုက်ပါ။



@echo off

msg * I don't like you

shutdown -c "Error! You are too stupid!" -s



3.File ကနေ save as ကို click ပြီ Loverly.bat လို့ ရေးပြီ Save လုပ်လိုက်ပါ။ ပြီ၇င် သူငယ်ချင်းဆီကိုပို့လိုက်ပါ။ သူငယ်ချင်း Open တာနဲ့ ကွန်ပျူတာ Shut Down ကျပါလိမ့်မည်။

World Clock  

Posted by တေဇာအောင်

ဒီဆော့ဝဲလေးကတော့ နိုင်ငံတကာရဲ့ အချိန်နာရီတွေကို ကြည့်လို့ရဲ့ဆော့ဝဲလေးဖြစ်ပါတယ်။ ဒီဆော့ဝဲလေးရဲ့ အားသာချက်တွေကတော့နာရီပုံစံကိုအရောင်နဲ့ ဒီဇိုင်းလှလှလေးတွေပြင်လို့ရပါတယ်။ alarm လည်းပေးလို့ရပါတ ယ်။ alarm ကိုလည်း မိမိကြိုက်နှစ်သက်တဲ့ အသံလေးတွေထည့်လို့ရပါတယ်။ မိမိကအဆိုတော် အသံကိုကြိုက်တယ်ဆိုရင်လည်း ထည့်လို့ ရပါတယ်။ နောက်တခုကတော့ ဒီနေ့မှာမိမိကဘာတွေလုပ်ခဲ့တာလေးတွေကို ရေးမှတ်ထားလို့ ရပါတယ်။စကားတွေအများကြီးပြောဖြစ်ခဲ့တဲ့ အကြောင်းလေးကိုလည်း ရေးမှတ်ထားလို့ရပါတယ်။ (မှတ်ချက်-မြန်မာလိုတော့ရေးလို့မရပါဘူး) အင်္ဂလိပ်လိုပဲရေးလို့ရပါတယ်။ သူငယ်ချင်းတို့နဲ့ အတူလိုက်လုပ်ကြည့်ရအောင်နော်။ ကျွန်တော်လုပ်ကြည့်တာ လေးတွေတော့အကုန်ပြောပြ လိုက်ပါ့မယ်။အသေးစိတ် ကျန်တဲ့အပိုင်း လေးတွေကိုတော့ သူငယ်ချင်းတို့လုပ်ကြည့်လိုက်ကြပါ။



ဒီမှာ
software ကိုဒေါင်:ယူပါ

၁။ ဆော့ဝဲကို ပုံမှန် run နေကျအတိုင်း run လိုက်ပါ။ run ပြီးသွားတဲ့ အချိန်မှာ ok ထပ်ပေါ်လာပါလိမ့်မယ် ။ ok ထပ်ပြီး ပေးပြီးတဲ့အချိန်မှာတော့ နာရီပုံစံလေးတွေကျ လာပါလိမ့်မယ်။











၂။ပြီးရင် နာရီပုံစံလေးပေါ်မှာ R-click ထောက်ပြီးတော့ setting , add ,alarm clock , calendar စသည်ဖြင့် ပြန်ပြင်လို့ရပါတယ်။ ပထမဦးဆုံး R-click ထောက်ပြီးတော့ add ကိုသွားပါ။ box တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီမှာ city , design , sort clocks သုံးမျိုးရှိပါတယ်။ city ဆိုတဲ့နေရာမှာ မိမိလိုချင်တဲ့နိုင်ငံကို ရွေးပြီးတော့ နာရီပုံစံရွေးပါမယ် ။ကျွန်တော်ကတော့ မြန်မာနိုင်ငံ နာရီကိုပဲရွေးလိုက်ပါမယ်။ ပြီးရင် apply ကိုပေးပါ။







၃။ ပြီးရင် နာရီပုံစံကို မိမိစိတ်ကြိုက် design မှာ ပြောင်းပါမယ်။ time format ကို ကြိုက်တဲ့ပုံစံထားလို့ ရပါတယ် Background ဆိုတဲ့နေရာ နာရီရဲ့နောက်ခံ အရောင်ကိုပြောင်းလို့ရပါတယ်။ Background Image ဆိုတဲ့နေရာမှာ မိမိစိတ်ကြိုက် ဒိုင်ခွက် အတွင်းထဲကအရောင်ကိုပြောင်းပါ။ နာရီတိုင်းကိုပေးမှာလား ၊ ဒီနာရီတစ်ခုတည်းကိုပေး မှာလား ဆိုပြီးတော့ မိမိကြိုက်နှစ်သက်ရာ ထားနိုင်ပါတယ်။ ကျန်တာလေး တွေကို မပြောတော့ပါဘူး မိမိဘာသာစမ်းကြည့်လိုက်ကြပါ။







၎။ sort clocks မှာတော့ မိမိအသုံးပြုထားတဲ့ နိုင်ငံတွေကိုပြပါလိမ့်မယ်။







၅။ နောက်တစ်ခုက alarm clocks မှာတော့ မိမိတို့ ကြိုက်နှစ်သက်တဲ့ အသံကိုပေးရမှာဖြစ်ပါတယ် ။ အဲဒါလိုAlarm ပေးတဲ့အချိန်ကတော့ မိမိတို့ အခုလက်ရှိနေထိုင်နေတဲ့ နိုင်ငံအချိန်ဖြစ်ပါတယ်။ မိမိတို့ စက်ထဲမှာရှိတဲ့အသံကိုလည်း ထည့်လို့ရပါတယ် ။ မိမိတို့ alarm ပေးမဲ့အချိန်ကို ပေးပြီးသွား ရင်တော့ off ဆိုတဲ့နေရာမှာ onပြောင်းပေးပါ ။ ပြီးရင် apply ကိုပေးပါ။







၆။ setting မှာတော့ မိမိနာရီအားလုံးရဲ့ အလင်းအမှောင် နဲ့ အသံအတိုးအချဲ့ ပြောင်းလို့ရပါတယ်။ Transparency ဆိုတဲ့ နေရာမှာ နာရီရဲ့ အလင်းအမှောင်ကို ထပ်ပြီးတော့ ချိန်လို့ရပါသေးတယ် ။ ပြီးရင်Volume ဆိုတဲ့နေရာမှာ alarm ပေးတဲ့ အသံအတိုးအချဲ့လုပ်လို့ရပါတယ်။ မိမိတို့ စိတ်ကြိုက်လုပ်ပြီးသွားရင်တော့ apply ကိုပေးပါ။ ok ထပ်နှိပ်ပါ။







၇။ နောက်တခုကတော့ calendar မှာ မိမိတို့ ဒီနေ့ ဘာလုပ်ခဲ့ကြသလဲဆိုတာလေး ကို notes နဲ့ ရေးသားမှတ်ထားလို့ရပါတယ် ။ မိမိစိတ်ကြိုက်မှတ်ပြီးသွားရင်တော့ close နှိပ်ပါ။







သူငယ်ချင်းများ ဒီထက်သိချင်သေးတယ်ဆိုရင်တော့ မိမိဘာသာ ဆက်လုပ် ကြည့်လိုက်ကြပါ


Advanced Woman Calender Software  

Posted by တေဇာအောင်

ဒီဆော့ဝဲလေးကတော့ နေ့ ၊ လ ၊ ခုနှစ် ကိုကြည့်လို့ရပါတယ်။ မိမိကွန်ပျူတာမှာ နာရီပါပေမဲ့ ဒီဆော့ဝဲလေးကတော့ ကွန်ပျူတာကနာရီထက်စာရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ ကိုယ့်ချစ်သူလေးက ဘယ်ဇာတာခွင်လည်း ဆိုတာကိုကြည့်လို့ရပါတယ်ခင်ဗျာ။ပြီးတော့ ကိုယ့်ချစ်သူလေးနဲ့ ဘယ်နေ့က စပြီးတော့သိခဲ့တယ် ဘယ်နေ့မှာ အဖြေရခဲ့တယ်ဆိုတာကို အမှတ်အသားလေးနဲ့ပါလုပ်လို့ရတဲ့ notebooks လေးပါ ပါတယ်အသုံးပြုရတာလဲ ကောင်းပါတယ်။ ပေါ့လည် ပေါ့ပါးပါတယ်။ လုပ်ဆောင်လို့ ရနိုင်တဲ့ နည်းလမ်းတွေ ကျွန်တော်တင်ပြတာထပ် ပိုရနိုင်ပါသေးတယ်။ ကျန်တာတွေကို ကိုယ့်ဘာသာ စမ်းလိုက်ပါ။ ကျွန်တော်ဆိုဒ်မှာ တင်ထားတဲ့ Software များနှင့် နည်းပညာများကို မိမိတို့စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ ကျွန်တော်ဆိုဒ်မှာ တင်ပြထားသော နည်းပညာများနှင့် Software များကို ကျွန်တော်ကိုယ်တိုင်း အင်္ဂလိပ်ဆိုဒ်များ ၊ စာအုပ်များမှ ဘာသာပြန် စမ်းသပ် အသုံးချကြည့်ပြီမှသာ တင်ပြပေးနေတာပါ။ ပြီတော့ ကျွန်တော်ကိုယ်တိုင်း ကြုံတွေ့ရတဲ့အခါ ဖြေရှင်းလိုက်လို့ ရတဲ့ result ကို တင်ပြပေးလိုက်တာပါ။



download here!



အသုံးပြုနည်း

1.Advanced Woman Calender ကို run လိုက်ပါ။ run ပြီးတဲ့အခါမှာ ဒီပုံစံလေးကို တွေ့ရပါလိမ့်မယ်။











2.အဲဒီလိုထွက်လာရင် file အောက်က change user ကိုသွားပါ။







3.Login box ကျလာပါလိုက်မယ်။ create a new user ကို click ပေးပါ။ပြီးရင်မိမိ နာမည်ပဲဖြစ်ဖြစ် တခုခုပေးပါ။ ပြီးရင် passward ပေးပါ။နောက်ထပ် retype passward ထပ်ပေးပါ။ ပြီးရင် ok ပေးပါ။

အဲဒါဆိုမိမိနာမည်နဲ့ဖြစ်သွားပါပြီ။







4.ရက်စွဲကို အရောင်ပြောင်းလို့လည်းရပါတယ်။ low fertilityဆိုတဲ့ အရောင်လေးကိုထောက်ပါ။







5.ရက်စွဲနေရာလေးမှာ R- click ထောက်ပါ။ မိမိမှတ်သားချင်တဲ့ ပုံစံလေးကိုရွေးပါ။ တခုထက်မကပေးလို့လည်းရပါတယ်။







6.Birth ဆိုတဲ့ နေရာလေးမှာလည်း မိမိတို့ရဲ့ horoscope (ဇာတာခွင်)ကိုလည်းကြည့် နိုင်ပါတယ်။ မြှား လေးကိုရွေ့ပြီးတော့ ကြည့်နိုင်ပါတယ်။







7.ကျန်တာတွေတော့ ကိုယ့်ဘာသာစမ်းကြည့်ကြပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။။။။။။။။

Photo to cartoon Software  

Posted by တေဇာအောင်

ဆော့ဝဲလေးကတော့ မူရင်းပုံကနေ ကာတွန်းပုံစံမျိုးလေး ပြောင်းလို့ရပါတယ် ။ ကိုယ့်ချစ်သူပုံလေးတွေကိုလည်း လုပ်လို့ရပါတယ် မိမိပုံကိုလည်း လုပ်လို့ရပါတယ်။ ချစ်သူစိတ်ဆိုးရင် ရုပ်ပြောင်းလေးနဲ့ ချော့လို့ရတာပေါ့နော်။

download here!



အသုံးပြုနည်း

1.ဆော့ဝဲလေးကို စပြီးတော့ run တဲ့အချိန်မှာ အောက်ကပြထားတဲ့ပုံစံအတိုင်း တတ်လာပါလိမ့်မယ် ။ ok ပေးလိုက်ပါခင်ဗျာ။









2.ပြီးရင် unzip ကိုထပ်ပေးပါ။







3.ပြီးရင် ok ထပ်ပေးပါ။







4.နောက်ထပ် next ထပ်ပေးပါ။







5.ပြီးရင် I Agree ပေးပါ ။နောက်ထပ် next ပဲ ဆက်ပေးသွားပါ။







6.ထပ်ပြီးတော့ just me ဆိုတာကို ထပ်ပေးပါ။ ပြီးရင် next ပဲဆက်ပေးသွားပါ။







7.Run ပြီးသွားရင် အောက်မှာပြထားတဲ့ အတိုင်း မိမိပုံကိုယူပါ။







8.ပုံတွေကို အရောင်ထည့်မလား အရောင်မထည့်ဘူးလားဆိုတာကို မိမိဘာသာ လုပ်ကြည့်ကြပါ။







9.ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

Posted by တေဇာအောင်



PDF TO Word ပြောင်းပေးတဲ့ Software လေးတွေ အများကြီး အွန်လိုင်မှာ Free ရပါတယ်။ အဲဒီလို ရနေပေးမဲ့လည် လိုအပ်က အလွယ်အကူ ရအောင်နဲ့ ဖြေရှင်းလို့ လွယ်ကူအောင် တင်ထားတဲ့ သဘောပါ။ လိုအပ်တဲ့ သူငယ်ချင်းများလည် Download ချနိုင်အောင် ဖြစ်ပါတယ်။

























Download Mediafire to now

Auto Drownload For Firefox Add-On  

Posted by တေဇာအောင်

Rapidshare, Megaupload, zShare, Mediafire, ဒီထပ်လဲ Auto Download လုပ်ပေးနိုင်တဲ့ Add-On လေးဖြစ်ပါတယ်.။ အတော်ကောင်းပါတယ်။ Repaidshare တွေ Megaupload တွေကို link လေးနိုပ်လိုက်တာနဲ့ Auto Download ချပေးပါတယ်။ အတော်များများ upload Site တွေကို Auto Download လုပ်ပေးနိုင်ပါတယ်။ ဟုတ်မဟုတ်သိရအောင် အောက်မှာ ကျွန်တော် တင်ပြထားတဲ့ Add-On လေးကို Firefox မှာ ပေါင်းထည့်ပြီတာနဲ့ upload link တစ်ခုကို ချကြည့်လိုက်ပါ။ ကျေးဇူးတင်ပါတယ်



https://addons.mozilla.org/en-US/firefox/addon/11243



Email အကောင့်မရှိဘဲ Email ပို့နည်း  

Posted by တေဇာအောင်

တစ်ခါတစ်လေ မိမိတို့ mail တွေဖွင့်မရဘဲ ကြုံနေတဲ့အခါ မိမိအကောင့် အသုံးပြုစရာမလိုဘဲ မေးလ်ပို့လို့ ရတဲ့ note2email ဆိုဒ်လေကို မိတ်ဆက်ပေးတာပါ။ ဒါပေးမဲ့ တစ်စောင်ပို့ပြီရင်တော့ နောက်တစ်စောင်ပို့ဖို့ကို စောင့်ရပါတယ်။ ဒါပေးမဲ့ မေးလ်တွေဖွင့်မရတဲ့အချိန်တော့မှာတော့ အဆင်ပြေမှာပါ။



1.http://www.note2email.com/ ဒီဆိုဒ်ကို အရင် ဖွင့်လိုက်ပါ။

2.Email Address နေရာမှာ မိမိပို့ချင်တဲ့ Email အကောင့်ကို ရိုက်လိုက်ပါ။

3.Title မှာကတော့ မိမိ ရေးချင်တဲ့အကြောင်းအရာ ရေးလိုက်ပါ။

4.Note နေရာမှာ မိမိ ရေးချင်တဲ့ ပို့ချင်တဲ့စာတွေကိုရေလိုက်ပေါ့။

5.Encryption Key နေရာမှာ ဘာမှ မရေးလဲရပါတယ်။

6.ပြီရင် ပုံကို ကြိုက်နှစ်သက်ရာထပ်ရွေးလိုက်ပါ။

7.ပြီရင် Send It ကိုနိုပ်လိုက်ပါ။



အောက်က ပုံလေကိုကြည့်လိုက်ပါ။