MP3 သီချင်းများ လွယ်ကူစွာ ရှာဖွေ Downloadလုပ်ကြမယ်  

Posted by တေဇာအောင်




MP3 သီချင်းများကို Full And Free ရှာဖွေ Download လုပ်ပေးနိုင်တဲ့ Music MP3 Downloader 5.2.2.8 (Latest Version)
ဖြစ်ပါတယ်။ Search Box မှာ ရှာဖွေလိုသည့် Artist, Title, Album, Edition
စသည်တို့ကို ထည့်သွင်းခါ လွယ်ကူစွာရှာဖွေနိုင်ပါတယ်။ နိုင်ငံတကာ
သီချင်းများရော၊ မြန်မာ သီချင်းများကိုပါ ရှာဖွေနိုင်ပြီး၊ လတ်တလော Hot
ဖြစ်နေသည့် သီချင်းများကို သီးသန့်ဖေါ်ပြပေးပါတယ်။ POP, Rock, Blue, Classic
စသည်ဖြင့်လည်း Categories အလိုက်ရှာဖွေပေးနိုင်ပါတယ်။ နားဆင်လိုသည့်
သီချင်းပေါ်တွင် Click နှိပ်ခါ လွယ်ကူစွာနားဆင်နိုင်သည့် အတွက် Downloader
အဖြစ်သာမက၊ Online Streaming Player တစ်ခုအဖြစ်ပါ အသုံးပြုနိုင်ပါတယ်။
Download လုပ်လိုပါက သီချင်းနာမည်၏ ဘေးတွင်ရှိ Download Link ကို Click
နှိပ်ခါ Download လုပ်ပေးရုံပါပဲ။
Portable
Modified Version ဖြစ်သည့်အတွက် USB ကဲ့သို့သော Flash Device များမှာ
ထည့်သွင်းခါ Install လုပ်စရာမလိုပဲ လွယ်ကူစွာသယ်ဆောင်သွားနိုင်ပါတယ်။
Always On Top Function, Start With Window Function များပါပါဝင်ပါတယ်။

 

Posted by တေဇာအောင်

အလွမ်းနဲ့ပေရေနေတဲ့ ငါ့နှလုံးသားကို
မျက်ရည်တွေနဲ့ဆေးကြောပစ်မယ်
ချေရာဖျောက်.. သေချာပေါက်
နင်မမြင်စေရဘူး….။

တိတ်တခိုးဇာတ်လမ်းပြန်စပြီပေါ့..
အပြုံးနဲ့စတဲ့ ဇာတ်က…
အနမ်းနဲ့လည်း ဇာတ်မသိမ်းခဲ့ပါဘူး..
သံသရာကလည်ဆဲမို့
နင့်ကိုလည်း ငါချစ်တုန်းပဲ။

မတတ်နိုင်ဘူး ချစ်ရယ်..
နင်ပြုံးရင် ငါလိုက်ပြုံးမိတာ..
မသက်ဆိုင်တော့ဘူးဆိုတဲ့
အပြုံးကိုတောင် ရင်နာနာနဲ့ပဲ
ပြုံးစာပြန်မိတယ်..။

မရည်ရွယ်ပဲနဲ့ စိတ်ရင်းက
ချွေခဲ့တဲ့ နင့်အနမ်းတွေက
အခုတော့ မရေရာတော့ပေမယ့်…
ငါ့နှုတ်ခမ်းဖျားက..
အစားထိုးခြင်းကို မသိဘူးတဲ့။

ငါလိမ်တတ်မှ……
နင်အနေတတ်မယ်ဆိုလဲ
မုသားမကင်းအောင် ငါနေပါ့မယ်။
ဒါပေမယ့် ချစ်သူ…
ဘယ်တော့မှ မညာတတ်မယ့်
ဒီမျက်ဝန်းတစ်စုံကိုတော့
ခွင့်လွှတ်ပေးပါ….။

အကြိမ်ကြိမ်လည်း……..
ငါ့ရဲ့လက်တွေကိုရိုက်ချိုးနေတယ်
နင့်အတွက်မလှပတော့တဲ့
စာတွေ ခဏခဏချရေးမိနေလို့…..။


“ဇာတ်သိမ်းအနမ်း”  

Posted by တေဇာအောင်

အချိန်တွေကိုရိုက်ချိုး
ရုပ်သေးရုပ်အဖြစ်ဖန်ဆင်း
ရှေ့တိုး၊ နောက်ဆုတ်
ငါ့နှုတ်မိန့် သာ
လိုက်နာစေ။

နွေ၊မိုး၊ဆောင်းကို
ဇောက်ထိုးလှန်
အလွမ်းတွေ
ခွေးကျ၊၀က်ကျ ကျတော့
ဒီရင်ခွင်ကနာတယ်။

သူ့ပုံရိပ်ကို ပစ်စလတ်ခတ်
မြင်လိုက်မှ
ငါ့မျက်ဝန်းတစ်စုံက
ထ ‘က’ တယ်။
ငါရင်ခုန်သံယိုင်လဲတာ
သူ့အပြုံးရောင်ပြန်ဟတ်လို့။

အိပ်မက်တွေတောင်
အသက်ဝင်
သူ့ကိုရက်ရက်စက်စက်
ချစ်သတဲ့……
နေမ၀င် အချစ်တဲ့လား။

လေးဘက်လေးနံကရှုစား
ငါအပီခိုက်ပါတယ်
သူ့လက်နက်က
အကြည့်တချက်တည်းသာ
အကြိမ်ကြိမ် ငါ့ကိုသေစေခဲ့တာ။

ငါ့နှလုံးသားကို တစ်သက်တာ
အပေါင်ဆိုင်ပို့ခဲ့တာ
ဟောဒီပန်းတစ်ပွင့်အတွက်သာ
အမည်က
“ဇာတ်သိမ်းအနမ်း” တဲ့လေ။